Table of contents
- What’s cryptocurrency?
- Why Transactions in cryptocurrency need to be encrypted?
- What are the different types of new units in cryptocurrency, and how do they impact the digital currency landscape?
- What are the types of cryptocurrency exchanges?
- What is a Cryptocurrency Exchange?
- Centralized Exchanges
- Decentralized Exchanges
- Examples of Centralized and Decentralized Exchanges
- Conclusion
- What’s blockchain wallet?
- Cryptocurrencies list
What’s cryptocurrency?
Cryptocurrency သည် ၎င်း၏ transactions ငွေကြေးလွှဲပြောင်းမှုများကို encrypt ပြုလုပ်ရန်နှင့် new units များ ဖန်တီးခြင်းကို ထိန်းညှိရန် cryptography ကိုအသုံးပြုသည့် digital or virtual currency ငွေကြေးတစ်ခုဖြစ်ပါသည်။ ၎င်းတို့ကို decentralized exchanges များတွင် မကြာခဏရောင်းဝယ်ဖောက်ကား trade ပြုလုပ်ကြတာကို တွေ့ရပြီး ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဝယ်ယူရာတွင်လည်း အသုံးပြုနိုင်သည်။
Why Transactions in cryptocurrency need to be encrypted?
အရေးကြီးသော အောက်ပါအကြောင်းရင်းများစွာအတွက် cryptocurrency တွင် တစ်စုံတစ်ခုကို ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်း၏ ငွေကြေးလွှဲပြောင်းမှု transactions များကို encrypt ပြုလုပ်ရန် လိုအပ်ပါသည်။
Security: ငွေကြေးလွှဲပြောင်းမှု transactions တွေကို encryption ပြုလုပ်ခြင်းသည် အန္တရာယ်ပြုသူများ၏ အနှောင့်အယှက်မဖြစ်အောင် ကာကွယ်ပေးပါသည်။ Transaction တစ်ခုအတွင်း လွှဲပြောင်းပေးသည့် data သည် လုံခြုံပြီး ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးကာ hacker နှင့် လိမ်လည်မှုတို့ကို ကာကွယ်ပေးပါသည်။
Integrity: Encrypted ပြုလုပ်ထားသည့် ငွေကြေးလွှဲပြောင်းမှု transactions များသည် data ခိုင်မာမှု integrity ကို ထိန်းသိမ်းထားပြီး၊ ဆိုလိုသည်မှာ ပေးပို့သူကနေ လက်ခံသူဆီ ပေးပို့သည့် data ကို without detection သိရှိခြင်းမရှိဘဲ ပြောင်းလဲ၍မရပါ။ ၎င်းသည် ငွေကြေးလွှဲပြောင်းမှု transactions များကို တရားဝင် valid ဖြစ်စေပြီး transaction တစ်ခုအတွင်း လွှဲပြောင်းပေးသည့် data တွေကို အခွင့်မရှိသူတွေကနေ interception ကြားဖြတ်ရယူသွားခြင်း၊ modified ပြုပြင်မွမ်းမံထားခြင်း မရှိကြောင်းကို သေချာစေသည်။
Privacy and Confidentiality: transaction ပြုလုပ်ရာတွင် ပါ၀င်သည့် parities များ၏ identity အထောက်အထားနှင့် sensitive information များဖြစ်သည့် wallet addresses and amounts တို့ကို လျှို့ဝှက်ထားရှိထားကြောင်း သေချာစေပါသည်။ ဤအချက်မှာ အသုံးပြုသူများအနေဖြင့် public blockchain network ပေါ်တွင် ငွေကြေးလွှဲပြောင်းခြင်း transacting ပြုလုပ်ရာတွင် မသိစိတ်လွှဲမှားမှုမှ ကာကွယ်စေပြီး သူတို့၏ အမည်မဖော်လိုမှုကို ထိန်းသိမ်းထားနိုင်စေသည်။
Trustworthiness: Encrypted ပြုလုပ်ထားသည့် transactions များသည် blockchain ၏ overall trustworthiness ဖြစ်သည့် အလုံးစုံယုံကြည်စိတ်ချရမှုကို အထောက်အကူပြုသည်။ အသုံးပြုသူများသည် ၎င်းတို့၏ private financial activities ဘဏ္ဍာရေးလုပ်ဆောင်မှုတွေကို လုံခြုံစေပြီး ယင်း system ၏ reliable သည် ဘယ်လောက်ယုံကြည်စိတ်ချရကြောင်းကို confidence ရှိရှိဖြင့် သုံးစွဲစေနိုင်ပါသည်။
Prevention of Double Spending: encryption and cryptographic algorithms များကို အသုံးပြုခြင်းဖြင့် blockchain systems များသည် တစ်ကြိမ်ထက်ပိုသော digital token ၏အန္တရာယ် ဖြစ်သည့် double spending ကို prevent တားဆီးပေးပါသည်။ ၎င်းသည် ငွေကြေး၏တန်ဖိုးနှင့် ယုံကြည်စိတ်ချရမှုကို ထိန်းသိမ်းရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။
ယေဘုယျအားဖြင့် encryption ဆိုတာသည် decentralized networks များအတွင်း cryptocurrencies ကို secure ဖြစ်အောင် ပြုလုပ်ခြင်း၊ trustworthy ယုံကြည်စိတ်ချရမှု ဖြစ်စေခြင်းနှင့် functional ကျကျ အလုပ်လုပ်သည့် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။
What are the different types of new units in cryptocurrency, and how do they impact the digital currency landscape?
New Cryptocurrencies: New coins သို့မဟုတ် tokens တွေကို အဆက်မပြတ်ဖန်တီးပြီး စျေးကွက်သို့ မိတ်ဆက်လျက်ရှိသည်။ ၎င်းတို့တွင် other blockchain platforms တွေပေါတွင် တည်ဆောက်ထားသော tokens များ (ဥပမာ - Ethereum, Binance Smart Chain) နှင့် altcoins (alternative coins to Bitcoin) တို့ပါဝင်သည်။
New Token Standards: Emerging blockchain platforms ဆိုတာသည် နောက်ထွက်လာတဲ့ blockchain နည်းပညာအခြေခံ platforms (Solana, Polkadot, Cardano, Avalanche) အသစ်တွေသည် tokens များဖန်တီးခြင်းအတွက် new standards များကို မိတ်ဆက်ပေးနိုင်သည်။ အလားတူ Ethereum သည် fungible and non-fungible tokens များအတွက် ERC-20 နှင့် ERC-721 standards အသီးသီးကို ဘယ်လို မိတ်ဆက်ခဲ့သည်ကို တွေ့ရမည်။
New Features in Existing Cryptocurrencies: အချို့သော cryptocurrency များသည် Updates သို့မဟုတ် forks များ မိတ်ဆက်ခြင်းဖြင့် tokens အသစ်များ ဖန်တီးခြင်း သို့မဟုတ် native cryptocurrency ၏ supply နှင့် issuance ကို ပြင်ဆင်နိုင်ပါသည်။ (ဥပမာ - Bitcoin မှ Bitcoin Cash) ကို ဆိုလိုသည်။
Stablecoins and CBDCs (Central Bank Digital Currencies): Stablecoin များ၏ ဖွံ့ဖြိုးတိုးတက်မှုသည် reserve of assets ထည့်သွင်းထားသော (ဥပမာ - USD Coin, Tether) နှင့် ဗဟိုဘဏ်များမှ ထုတ်ဝေသော CBDC များသည် digital currency units အသစ်များကို ကိုယ်စားပြုသည်။
International transactions and payments များကို balance ဟန်ချက်ညီစေရန် ကူညီပေးသောကြောင့် reserve assets များသည် အရေးကြီးပါသည်။ ၎င်းတို့ကို ငွေကြေးမူဝါဒအပေါ် လွှမ်းမိုးရန်လည်း အသုံးပြုနိုင်သည်။
Reserve assets မှာဆိုရင်
Currencies (ငွေကြေး): U.S. dollar, British pound, euro, Chinese yuan, and Japanese yen.
Commodities (ကုန်စည်): Gold and precious metals (ရွှေနဲ့ အဖိုးတန်သတ္တုများ).
Foreign currency reserves (နိုင်ငံခြားငွေစုငွေ): Cash and foreign currency loans (ငွေသားနှင့် နိုင်ငံခြားငွေချေးငွေများ).
Special Drawing Rights (SDRs): Allocated reserve assets maintained by the International Monetary Fund (IMF) (နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF မှထုတ်ထားတဲ့ ရံပုံငွေအကောင်အထည်)
Derivatives: IMF နှင့်ပတ်သက်သော deposits အပ်ငွေများအပါအဝင် currency ငွေကြေး သို့မဟုတ် interest rates အတိုးနှုန်းများကဲ့သို့သော အရင်းခံပိုင်ဆိုင်မှုများအပေါ် အခြေခံထားသော financial instruments များ
Staking and Yield Tokens: Decentralized Finance (DeFi) တွင် staking သို့မဟုတ် liquidity mining သည် protocol တစ်ခုတွင် liquidity ပေးသည့် သို့မဟုတ် သူတို့၏ token များကို staking လုပ်သည့် အသုံးပြုသူများအတွက် rewards ဆုကြေးငွေ အဖြစ် new units များကို ဖန်တီးခြင်းဖြင့် အဓိကပါဝင်ပါသည်။ (ဥပမာ - governance tokens များဖြစ်သည့် COMP, AAVE တို့ကို ဆိုလိုသည်။)
Wrapped Tokens: ဤ token များသည် အခြား Cryptocurrency ၏တန်ဖိုးတွင် ထည့်သွင်းထားသော tokens များဖြစ်သော်လည်း different blockchain ပေါ်တွင် အလုပ်လုပ်သည်။ (ဥပမာ - Ethereum ပေါ်ရှိ Bitcoin (WBTC) ကိုဆိုလိုသည်။)
ဤအသစ်ထွက်လာသော new units များနှင့် innovations တီထွင်မှုများသည် cryptocurrency လောကတွင် new technologies and financial products များသည် အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေသည်ကို တွေ့ရမည်ဖြစ်သည်။
What are the types of cryptocurrency exchanges?
Cryptocurrencies တွေကို trade လုပ်ဖို့အတွက်ဆိုရင် cryptocurrency exchange တစ်ခုကို အသုံးပြုရပါမယ်။ Cryptocurrency exchanges တွေမှာ အမျိုးအစား နှစ်မျိုးရှိပါတယ်။
Centralized Exchange
Decentralized Exchange ဆိုပြီး နှစ်မျိုးရှိပါတယ်။
ဒီအမျိုးအစားနှစ်ခုကြား ကွာခြားချက်တွေကို မဆွေးနွေးခင် cryptocurrency exchange ဆိုတာ ဘာလဲဆိုတာကို အရင်နားလည်ထားဖို့ လိုပါတယ်။
What is a Cryptocurrency Exchange?
Cryptocurrency exchanges တွေသည် အသုံးပြုသူများအား Bitcoin ကဲ့သို့ digital currencies များကို trade, buy, and sell ပြုလုပ်နိုင်သည့် platforms များဖြစ်ကြသည်။ Exchange တစ်ခုစီတွင် ၎င်း၏ကိုယ်ပိုင်စည်းမျဉ်းများနှင့် စည်းမျဉ်းများပါရှိသော်လည်း ၎င်းတို့အားလုံးတွင် အသုံးအများဆုံး cryptocurrencies ကို အသုံးပြုခွင့်ပေးထားသည်။ Cryptocurrencies များသည် အတုလုပ်လို့ မရသော digital assets များဖြစ်သောကြောင့် ၎င်းတို့သည် ရင်းနှီးမြှုပ်နှံသူများကြားတွင် ရေပန်းစားလာခဲ့သည်။
Centralized Exchanges
Centralized cryptocurrency exchange (CEX) ဆိုတာသည် အသုံးပြုသူများ Bitcoin ကဲ့သို့ digital assets များကို ဝယ်ယူရောင်းချနိုင်သည့် platform တစ်ခုဖြစ်သည်။ Third party အဖွဲ့အစည်းတစ်ခုသည် ဗဟိုချုပ်ကိုင်မှု၏ အနှစ်သာရဖြစ်သည့် transactions ငွေကြေးလွှဲပြောင်းမှုများကို စီမံခန့်ခွဲပြီး လုံခြုံစေပါသည်။ ဤ third party ဟာ ဘဏ်တစ်ခုလိုပါပဲ ဖောက်သည်(ဝယ်သူ)နဲ့ရောင်းသူ နှစ်ဖက်လုံးကို ယုံကြည်စိတ်ချစေတဲ့သူပါ။ ဘဏ်ဟာ ဖောက်သည်တွေရဲ့ငွေတွေကို လုံခြုံစွာ ထိန်းကိုင်ပြီး၊ လိုအပ်တဲ့အချိန်မှာပဲ ငွေပေးချေဖို့ စီမံခန့်ခွဲသလို၊ ဒီ third party ကလည်း ဝယ်သူနဲ့ရောင်းသူကြားမှာ စိတ်ချရတဲ့ ငွေစီမံရေးအခန်းကဏ္ဍတစ်ခုအဖြစ်လှုပ်ရှားပါတယ်။
ဥပမာအနေနဲ့
ဝယ်သူက ငွေကို အရင်တင်ထားပြီး
ရောင်းသူက ပစ္စည်းသို့မဟုတ် ဝန်ဆောင်မှုကိုပေးလို့ပြီးမှသာ
ဒီတတိယပါတီက ဝယ်သူရဲ့ငွေကို ရောင်းသူကိုပေးအပ်တယ်။
ဒီနည်းလမ်းဟာ အနှောင့်အယှက်မဖြစ်စေဘဲ နှစ်ဖက်စလုံးအတွက်လုံခြုံမှုရှိစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
Centralized exchange တစ်ခုကို အသုံးမပြုခင်မှာဆိုရင် verification ကိုအတည်ပြုရန်အတွက် သင့်ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်များကို တင်ပြရပါမည်။ သင့် wallet password ကို မေ့သွားပါက သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ပြဿနာတစ်ခုကြုံတွေ့ပါက exchange’s support team မှ သင့်အား ကူညီနိုင်ပါသည်။
Decentralized Exchanges
Decentralized cryptocurrency exchange(DEX) ဆိုတာသည် third party အဖွဲ့အစည်းမပါဘဲ လုပ်ဆောင်သည်။ ယင်းအစား ၎င်းသည် transactions ငွေကြေးလွှဲပြောင်းမှုများကို လွယ်ကူချောမွေ့စေရန် blockchain technology နှင့် smart contracts များကို အသုံးပြုသည်။ Peer-to-Peer (P2P) စနစ် ဖြစ်တဲ့အတွက် အသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကို ပိုမိုထိန်းချုပ်နိုင်ပါတယ်။
Fiat-to-Crypto Support: DEXs ဟာ fiat-to-crypto လဲလှယ်မှု (ဥပမာ USD, EUR, MMK နဲ့ Crypto) ကို တိုက်ရိုက်ပံ့ပိုးမှာ မဟုတ်ပါဘူး။ Fiat ဆိုတာက USD, EUR, MMK တို့လို ရိုးရိုးငွေကြေးတွေကို ပြောတာပါ။ fiat-to-crypto လဲလှယ်မှုအစား DEX သည် cryptocurrency-to-cryptocurrency (ဥပမာ ETH နဲ့ BTC) လဲလှယ်မှုတွေပေါ်မှာ အဓိကအခြေခံပါတယ်။
အဲ့ဒါအစား Smart Contracts ဆိုတဲ့ အလိုအလျောက်လုပ်ဆောင်စေမယ့် ရေးသားထားတဲ့ code များကို အသုံးပြုတယ်။
ဥပမာ ဝယ်သူတစ်ယောက်က crypto A ကို ဝယ်ချင်တယ်
ရောင်းသူတစ်ယောက်က crypto B ကို ရောင်းချချင်တယ်ဆိုရင်
smart contracts ဟာ နှစ်ဖက်လုံးရဲ့လိုအပ်ချက်တွေကို စနစ်တကျစစ်ဆေးပြီး အလိုအလျောက် လဲလှယ်စေတယ်။
ဒီလိုနည်းလမ်းနဲ့ DEXs ဟာ လုံခြုံပြီး third party မလိုအပ်တဲ့ စနစ်တစ်ခု ဖြစ်စေတယ်။ အသုံးပြုသူတွေဟာ ကိုယ့်ရဲ့ cryptocurrency ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီး စနစ်တကျ ရောင်းဝယ်မှုတွေကို လုပ်နိုင်စေတယ်။
Examples of Centralized and Decentralized Exchanges
Centralized Exchanges
Coinbase သည် လူသိများသော centralized cryptocurrency exchange တစ်ခုဖြစ်ပြီး အဲဒါက retail investors နှင့် institutional investors များအတွက် ရင်းနှီးမြှုပ်နှံနိုင်ရန် ထောက်ပံ့ပေးသည်။ Binance သည် အဓိကအားဖြင့် centralized exchange တစ်ခုဖြစ်သည်။ သို့သော် ၎င်းသည် escrow အကောင့်များမှတစ်ဆင့် peer-to-peer (P2P) ကုန်သွယ်မှုကိုလည်း ခွင့်ပြုသည်။ Centralized exchanges မှာဆိုရင် Binance, Coinbase, and Kraken တို့ပါဝင်သည်။
Decentralized Exchanges
၎င်းတို့သည် blockchain နည်းပညာပေါ်တွင် တည်ဆောက်ထားသော cryptocurrency exchanges များဖြစ်ပြီး decentralized manner ပုံစံတစ်ခုအဖြင့် လုပ်ဆောင်သည်။ ၎င်းတို့သည် central authority မလိုအပ်ဘဲ peer-to-peer (P2P) ကုန်သွယ်မှုကို ခွင့်ပြုသည်။
Conclusion
Centralized and Decentralized exchanges နှစ်ခုလုံးသည် ကွဲပြားသော အားသာချက်များနှင့် အားနည်းချက်များကို ပေးဆောင်သည်။ Centralized exchanges များသည် အသုံးပြုရလွယ်ကူပြီး ပိုမိုမြန်ဆန်ပြီး ငွေဖြစ်လွယ်မှုမြင့်မားသော်လည်း hacker များ၏အန္တရာယ်နှင့် အခကြေးငွေပိုမိုမြင့်မားလာပါသည်။
Decentralized exchanges များသည် ပိုင်ဆိုင်မှုများအပေါ်တွင် ပိုမိုထိန်းချုပ်နိုင်ခြင်း၊ ပိုမိုကောင်းမွန်သော ကိုယ်ရေးကိုယ်တာလုံခြုံမှုနှင့် hackers များ၏အန္တရာယ် နည်းပါးမှုကို ပေးစွမ်းသော်လည်း ၎င်းတို့သည် အသုံးပြုရန် ပိုမိုရှုပ်ထွေးသည်၊ ငွေဖြစ်လွယ်မှုနည်းပြီး fiat အရောင်းအဝယ်များကို မပံ့ပိုးပါ။ မှန်ကန်သော လဲလှယ်မှုကို ရွေးချယ်ခြင်းသည် သင်၏ ဦးစားပေးမှုများ၊ စွန့်စားမှု ခံနိုင်ရည်နှင့် ကုန်သွယ်မှု လိုအပ်ချက်များအပေါ် မူတည်ပါသည်။
What’s blockchain wallet?
Blockchain wallet သည် bitcoin နှင့် Ethereum ကဲ့သို့သော cryptocurrencies ကို သိမ်းဆည်းရန်၊ ပေးပို့ရန်နှင့် လက်ခံရန် ခွင့်ပြုသည့် digital wallet တစ်ခုဖြစ်သည်။ Blockchain wallets များသည် သုံးစွဲသူများအား ၎င်းတို့၏ အကောင့်အမျိုးမျိုးကြားတွင် အလွယ်တကူ ငွေလွှဲနိုင်စေသော traditional bank accounts များနှင့် ဆင်တူသည်။ သို့သော် ဘဏ်များသည် customers များ၏ငွေကိုကိုင်ဆောင်ရန် centralized systems များကို အားကိုးသည့်နေရာတွင်၊ blockchain wallets များသည် အရောင်းအ၀ယ်များကိုစီမံခန့်ခွဲရန် decentralized technology ကို အသုံးပြုသည်။
Cryptocurrencies list
Cryptocurrency | Symbol | Description |
Bitcoin | BTC | The first and most widely known cryptocurrency, often seen as a store of value. |
Ethereum | ETH | A decentralized platform for building and executing smart contracts and decentralized applications (dApps). |
Tether | USDT | A stablecoin pegged to the US dollar, designed to maintain a stable value. |
Binance Coin | BNB | The native cryptocurrency of the Binance exchange, used to pay for transaction fees and other services on the platform. |
Cardano | ADA | A blockchain platform for smart contracts, aiming to provide a more secure and scalable infrastructure. |
Solana | SOL | A high-speed blockchain focused on scalability and low transaction fees. |
XRP | XRP | The native token of the Ripple network, designed for fast and low-cost cross-border payments. |
Polkadot | DOT | A multi-chain platform that enables interoperability between different blockchains. |
Dogecoin | DOGE | Originally created as a joke, Dogecoin has grown into a widely used cryptocurrency with a strong online community. |
Litecoin | LTC | A peer-to-peer cryptocurrency created as a "lighter" version of Bitcoin with faster transaction times. |
Chainlink | LINK | A decentralized oracle network that enables smart contracts to securely interact with real-world data. |
Uniswap | UNI | The governance token for the Uniswap decentralized exchange (DEX) platform, used for liquidity provision and staking. |
Avalanche | AVAX | A decentralized platform for building dApps and custom blockchain networks with high throughput. |
Shiba Inu | SHIB | A meme coin that has gained popularity, often considered a competitor to Dogecoin. |
USD Coin | USDC | A stablecoin pegged to the US dollar, often used as a more reliable alternative to USDT. |