Introduction to blockchain technology

Introduction to blockchain technology

What is a blockchain?

Blockchain ဆိုတာ Digital Distributed Ledger တစ်ခုဖြစ်ပြီး၊ ငွေကြေးလွှဲပြောင်းမှုများနှင့် အခြားသော လုပ်ငန်းဆောင်တာများကို အတည်ပြုရန်နှင့် မှတ်တမ်းတင်ရန် အသုံးပြုသည့် စနစ်တစ်ခု ဖြစ်ပါသည်။ Transactions (ငွေကြေးလွှဲပြောင်းမှုများ) နှင့် အခြားသောလုပ်ငန်းဆောင်တာများ၏ Digital Ledger ကို ပွားထားပြီး၊ ၎င်း digital ledger ကို blockchain နှင့်ချိတ်ဆက်ထားသော computers network တစ်ခုလုံးတွင် ဖြန့်ဝေပါသည်။

Key Features of Blockchain

Decentralization

Decentralization သည် traditional banking systems တွေမှာလို central bank က ထိန်းချုပ်ထားတာ မဟုတ်ပဲ၊ Bitcoin network အတွင်းမှာရှိသည့် computer (nodes) တွေအားလုံးက Bitcoin transaction records တွေကို ပူးတွဲထိန်းသိမ်းထားပါတယ်။

Transparency

Transparency ရှိတယ်ဆိုတာသည် Bitcoin transaction တစ်ခုကို blockchain explorer တွေမှာ အများပြည်သူငှာ အားလုံး မြင်တွေ့နိုင်ပြီး စစ်ဆေးနိုင်တာကို ဆိုလိုသည်။

Immutability

Immutability ဖြစ်တယ်ဆိုတာသည် Blockchain ပေါ်တွင် Bitcoin transaction တစ်ခု confirmed ဖြစ်သွားခဲ့ပြီဆိုလျှင် ထို recorded လုပ်ပြီးသား data ကို ဘယ်သူမှ ဖျက်လို့/ပြင်လို့ မရတော့ပါ။

Security

Security တွင် Cryptography နည်းပညာသုံးထားသည့်အတွက် data တွေကို လုံခြုံအောင် ထားရှိနိုင်တယ်။ ဒါက Bitcoin wallet တွေမှာ Private Key နဲ့ Public Key စနစ်သုံးပြီး funds တွေကို လုံခြုံစွာ သိမ်းဆည်းထားနိုင်တယ်ကို ဆိုလိုသည်။

How Blockchain Works

Transaction Initiation

  • Transaction initiation ဆိုတာသည် တစ်စုံတစ်ယောက်က cryptocurrency ကို transferring ပြုလုပ်ခြင်း၊ contract တစ်ခုကို recording ပြုလုပ်ခြင်းစသည့် လုပ်ငန်းစဉ် တစ်ခုကို initiate လုပ်တယ် / စတင်တယ်။

  • ဥပမာ - မောင်မောင်က မေမေကို Bitcoin 0.1 လွှဲပေးဖို့ စတင်လုပ်ဆောင်သည်။

Verification

  • အပေါ်က စတင်ခဲ့သည့် transaction initiation ကို Blockchain network ထဲရှိ ချိတ်ဆက်ထားတဲ့ computer (nodes) တွေက အဲ့ဒီ transaction ကို မှန်/မမှန် စစ်ဆေးမည်။

  • ဥပမာ - မောင်မောင့်မှာ Bitcoin 0.1 ရှိ/မရှိ၊ သူ့ wallet စစ်မှန်/မမှန် စတာတွေကို nodes တွေက စစ်ဆေးသည်။

Block Creation

  • Verified ပြုလုပ်ပြီးသား transactions တွေကို စုစည်းပြီး block တစ်ခု ဖန်တီးပါတယ်။

  • ဥပမာ - မောင်မောင့် transaction အပါအဝင် အခြား verified ပြုလုပ်ထားတဲ့ transactions ၁၀၀၀ လောက်ကို block တစ်ခုအဖြစ် စုစည်းတာကို ဆိုလိုသည်။

Chain Update

  • Block အသစ်ကို existing blockchain ထဲ အစဉ်လိုက် ထည့်သွင်းပါတယ်။

  • ဥပမာ - အသစ်ဖန်တီးထားတဲ့ block ကို ယခင် block နောက်မှာ ဆက်ထည့်ကို ဆိုလိုသည်။

Finalization

  • Transaction က permanent ဖြစ်သွားပြီးဆိုရင် nodes အားလုံး access လုပ်နိုင်ပါတယ်။

  • ဥပမာ - မောင်မောင်ရဲ့ Bitcoin transaction က အတည်ဖြစ်သွားပြီးသည့်နောက် Bitcoin Transaction Explorer တွင် ဘယ်သူမဆိုဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

Use Cases of Blockchain

Cryptocurrency

Blockchain သည် Cryptocurrency များ၏ foundation ဖြစ်ပြီး လုံခြုံပြီး ပွင့်လင်းမြင်သာသော peer-to-peer (P2P) transactions များကို ပြုလုပ်ပေးပါသည်။ Bitcoin သည် လူများအား အထောက်အထားမလိုအပ်ဘဲ လျင်မြန်သောငွေလွှဲမှုများကို ဆောင်ရွက်နိုင်စေသည်။ Ethereum သည် Blockchain အပေါ်တွင် smart contracts ကို တည်ဆောက်ရန် အသုံးပြုသည်။

Smart Contracts

Ethereum ကဲ့သို့သော Platforms များသည် ကြိုတင်သတ်မှတ်ထားသော conditions များအပေါ် အခြေခံ၍ ကိုယ်တိုင်လုပ်ဆောင်သည့် (self-executing) contracts များကို Blockchain အသုံးပြု၍ ပြုလုပ်နိုင်သည်။ ကားပျက်စီးမှု အာမခံပေးသည့် (Insurance Claim) မှာဆိုရင် သက်ဆိုင်သော အချက်အလက်များ ကို သက်သေပြပြီးအလိုအလျောက် အလိုအလျောက်ပြန်အမ်းငွေရယူနိုင်ပါသည်။

Supply Chain Management

Supply Chain Management တွင် Blockchain သည် ကုန်ပစ္စည်းများကို မူလထွက် အရင်းအမြစ်မှ နောက်ဆုံးသုံးစွဲသူအထိ ရှင်းလင်းမြင်သာစွာ လိုက်လံစောင့်ကြည့်နိုင်စေသည်။ ရေရှည်သုံး စျေးဝယ်သူများ အတွက် ကုန်ပစ္စည်း၏ မူလထွက်နိုင်ငံ၊ ထုတ်လုပ်မှုနည်းလမ်းများ ကို Blockchain မှတစ်ဆင့် မှန်ကန်စွာ စစ်ဆေး နိုင်သည်။

Healthcare

Healthcare မှာဆိုရင် Blockchain သည် လူနာအချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းပြီး ရောဂါစစ်ဆေးမှုမှတ်တမ်းများ ကို လူနာ၏ ခွင့်ပြုချက်ဖြင့် အခြားဆေးခန်းများနှင့် လုံခြုံစွာ မျှဝေနိုင်သည်။

Voting Systems

Voting Systems တွင် Blockchain သည် မဲပေးမှုဆိုင်ရာ လှုပ်ရှားမှုအားလုံးကို မှတ်တမ်းတင်ပြီး ဖျက်ဆီးလို့မရနိုင်သည့် မဲပေးမှုစနစ် ဖန်တီးနိုင်စေသည်။ နိုင်ငံရေး မဲပေးမှုစနစ် အတွက် မဲပေးမှုအချက်အလက်များ ကို မည်သူမှ မထိုးဖောက်နိုင်သောပုံစံ ဖြင့် အသုံးပြုနိုင်သည်။

Blockchain Real-World Example: Money Transfer Without a Bank

Traditional Way: Using a Bank

သင်၏ $100 ကို တခြားနိုင်ငံရှိ မိတ်ဆွေတစ်ဦးထံ လွှဲပို့လိုကြောင်းကို စဉ်းစားကြည့်ပါ။ အောက်ပါအတိုင်း ဖြစ်ပျက်ပါသည်။

  • သင်ရဲ့ bank ကို အသုံးပြု၍ ငွေလွှဲရပါမည်။

  • Bank သည် သင့် account မှ $100 ကို ဖြတ်တောက်ပြီး ၎င်း၏ network မှတဆင့် သင့် မိတ်ဆွေ၏ bank ထံ ပေးပို့မည်။

  • သင့် မိတ်ဆွေ၏ bank သည် ယင်းငွေကို လက်ခံပြီး ၎င်း၏ account ထဲသို့ ထည့်ပေးမည်။

  • Banks တွေသည် charge fees ကို ကောက်ခံလိမ့်မည်ဖြစ်ပြီး ငွေလွှဲတာကလဲ တစ်ရက် သို့မဟုတ် ထို့ထက်ပိုကြာနိုင်သည်။

ဤ process လုပ်ငန်းစဉ်သည် သင်နှင့် သင့်မိတ်ဆွေအကြား အပြန်အလှန် ယုံကြည်မှုရှိစေရန် transaction ကို ကိုင်တွယ်ပေးသော intermediaries အဖြစ် banks များအပေါ် အပြည့်အဝ မှီခိုနေရပါသည်။

Blockchain Way: Peer-to-Peer Transfer

အပေါ်က same process လုပ်ငန်းစဉ်ကို blockchain ဖြင့် မည်သို့ ကိုင်တွယ်မလဲဆိုတာကို ကြည့်ကြရအောင်...

  • သင်နှင့် သင့်မိတ်ဆွေသည် Bitcoin ကဲ့သို့သော blockchain network ပေါ်တွင် digital wallets များ ရှိကျတယ်။

  • သင်သည် $100 တန်ဖိုးရှိသော Bitcoin ကို သင့်မိတ်ဆွေ၏ wallet သို့ တိုက်ရိုက်ပို့သည်။

  • ဤ transaction ငွေလွှဲသည့်လုပ်ငန်းစဉ်ကို blockchain network တစ်ခုလုံးသို့ ထုတ်လွှင့်ပြီး များစွာသော computers (nodes) က ၎င်းကို အတည်ပြုသည်။

  • အတည်ပြုပြီးနောက် ဤ transaction ငွေလွှဲသည့်လုပ်ငန်းကို blockchain ပေါ်တွင် block တစ်ခုအဖြစ် ထည့်သွင်းပြီး အမြဲတမ်း ပြုပြင်မရသော record တစ်ခု ဖြစ်ပေါ်စေသည်။

ဤ process လုပ်ငန်းစဉ်သည် bank များ မပါဝင်သည့် အတွက် transaction ငွေလွှဲသည့်လုပ်ငန်းသည် သင်နှင့် သင့်မိတ်ဆွေ အကြား တိုက်ရိုက်ဖြစ်ပျက်သည်။ Charge fees မှာ အနည်းငယ်သာဖြစ်ပြီး လုပ်ငန်းစဉ်သည်လည်း ပိုမိုမြန်ဆန်ကာ မိနစ်အနည်းငယ်သာ ကြာနိုင်သည်။ ၎င်းဟာ ရှင်းလင်းမြင်သာပြီး လုံခြုံမှုရှိသည့် blockchain network ပေါ်တွင် မည်သူမဆို transaction ကို ကြည့်ရှုနိုင်သော်လည်း အသေးစိတ်ကို သင်နှင့် သင့်မိတ်ဆွေ သာသိသည်။

Bitcoin and Blockchain

Revolutionary blockchain technology ကိုအသုံးပြုရန် ပထမဆုံး protocols များထဲမှတစ်ခုဖြစ်သည့် Bitcoin နှင့် သင် ရင်းနှီးနေပေမည်။ Satoshi Nakamoto အမည်ခံသူက ရေးသားထားသော Bitcoin Whitepaper တွင် Bitcoin သည် cryptography ကို အသုံးပြု၍ decentralized network တစ်ခုအတွင်း peer-to-peer transactions ငွေလွှဲသည့်လုပ်ငန်းစဉ်များကို မည်သို့ ကူညီနိုင်ပုံကို ဖော်ပြထားသည်။ ဤကိစ္စသည် censorship-resistant finance ကို ပေါ်ပေါက်စေပြီး Bitcoin ကို digital gold ဟုခေါ်ဆိုကြသော a superior digital store of value အဖြစ် ဖော်ပြခဲ့သည်။ Bitcoin ၏ ပမာဏကို fixed amount တစ်ခု သတ်မှတ်ထားရှိသည့်အတွက် ၎င်းဟာ ရွှေ ၏ ရှားပါးမှုကဲ့သို့ ဖြစ်စေသည်။ ဤအကြောင်းအရာကို ပိုမိုသိရှိလိုပါက [Bitcoin Whitepaper](bitcoin.org/bitcoin.pdf) တွင် လေ့လာနိုင်ပါသည်။

Ethereum and Smart Contracts

Bitcoin ကိုဖန်တီးပြီးသည့် နောက်နှစ်အနည်းငယ်အကြာတွင် Vitalik Buterin နှင့် အခြားသူများသည် blockchain infrastructure ပေါ်တွင် Ethereum ကို additional capabilities ဖြင့် တည်ထောင်ခဲ့သည်။ Ethereum ဖြင့် သင်သည် centralized authority or intermediary တစ်ခုမပါဘဲ decentralized transactions, organizations, and agreements များကို ဖန်တီးနိုင်သည်။ Ethereum တွင် ဒီ achievement ကို smart contracts ပေါင်းထည့်ခြင်းဖြင့် ရရှိခဲ့ပါသည်။

Smart contracts ၏ သဘောတရားကို Nick Szabo မှ ၁၉၉၄ ခုနှစ်တွင် စိတ်ကူးထားခဲ့သော်လည်း၊ Ethereum မှ ၎င်းကို လက်တွေ့အဖြစ် ပြောင်းလဲခဲ့သည်။

Smart contracts ဆိုသည်မှာ centralized or third-party intermediary တစ်ခုမှ မလိုအပ်ဘဲ decentralized နည်းလမ်းဖြင့် လုပ်ဆောင်သော a set of instructions ညွှန်ကြားချက်အစုတစ်ခု ဖြစ်ပါသည်။

Smart contract ၏ functionality လုပ်ဆောင်နိုင်စွမ်းသည် Ethereum နှင့် Bitcoin ကဲ့သို့သော blockchains များကြား အဓိကကွာခြားချက်ရှိသည်။ နည်းပညာပိုင်းအရ Bitcoin တွင် smart contracts ရှိသော်လည်း၊ ၎င်းတို့သည် ရည်ရွယ်ချက်ရှိရှိ turing incomplete မဖြစ်ကြောင်း ရည်ရွယ်ထားပါသည်။

Turing Complete ဆိုတာ computer တစ်လုံးက သင်္ချာ နဲ့ လော်ဂျစ်ပိုင်းဆိုင်ရာ ပုစ္ဆာတိုင်းကို ဖြေရှင်းနိုင်တယ်ဆိုရင် Turing Complete လို့ခေါ်ပါတယ် Ethereum က Turing Complete ဖြစ်တဲ့အတွက် သီအိုရီအရ မည်သည့် ပုစ္ဆာမဆို ဖြေရှင်းနိုင်ပါတယ်

Smart Contract ကို လွယ်လွယ်နားလည်အောင် ဥပမာနဲ့ရှင်းပြပေးပါမယ်။

ရိုးရိုး စာချုပ်နဲ့ Smart Contract နှိုင်းယှဉ်ချက်

၁။ ရိုးရိုးစာချုပ်

  • စာရွက်ပေါ်မှာ ရေးထားတယ်

  • လူတွေက ဖတ်ပြီး လိုက်နာရတယ်

  • စာချုပ်ပါအတိုင်း မလုပ်ရင် တရားရုံးက စီရင်ရတယ်

၂။ Smart Contract

  • Computer code အနေနဲ့ ရေးထားတယ်

  • Blockchain ပေါ်မှာ အလိုအလျောက် run နေတယ်

  • ကတိပြုထားတဲ့အတိုင်း မဖြစ်ရင် အလိုအလျောက် အရေးယူတယ်

လက်တွေ့ဥပမာ

🏠 အိမ်ငှားစာချုပ် ဥပမာနဲ့ ရှင်းပြရရင်:

ရိုးရိုးစာချုပ်:

  • လစဉ်ငှားရမ်းခ ၃သိန်း

  • လချုပ်ရက် ၅ရက်နေ့တိုင်း ပေးရမယ်

  • မပေးရင် အိမ်ရှင်က တောင်းခံရတယ်

Smart Contract:

  • လစဉ် ၅ရက်နေ့ရောက်ရင် အငှားရဲ့ account ထဲက ၃သိန်း အလိုအလျောက်နှုတ်ယူ

  • ငွေမလုံလောက်ရင် အလိုအလျောက် notice ပို့ပေးတယ်

  • သတ်မှတ်ရက်ထက် ကျော်လွန်ရင် ဒဏ်ကြေး အလိုအလျောက်တွက်ပေးတယ်

အားသာချက်များ

၁။ အလိုအလျောက် လုပ်ဆောင်နိုင်

  • လူတွေ ကြားထဲက ဝင်ပြီး စီမံစရာမလို

  • အချိန်ကုန်သက်သာ

  • မှားယွင်းမှု နည်းပါး

၂။ ပွင့်လင်းမြင်သာ

  • blockchain ပေါ်မှာရှိတဲ့အတွက် အားလုံးမြင်နိုင်

  • မသမာမှု လုပ်ဖို့ ခက်ခဲ

၃။ စရိတ်သက်သာ

  • ကြားခံလူတွေ မလိုအပ်

  • စာရွက်စာတမ်း မလိုအပ်

အသုံးများသော နယ်ပယ်များ

၁။ ငွေကြေးဆိုင်ရာ

  • အာမခံ

  • ချေးငွေ

  • ရင်းနှီးမြှုပ်နှံမှု

၂။ စီးပွားရေး

  • ပစ္စည်းရောင်းဝယ်ခြင်း

  • ပိုင်ဆိုင်မှု မှတ်တမ်း

  • ကုန်ပစ္စည်း tracking

၃။ အခြား

  • မဲပေးခြင်း

  • ဂိမ်း

  • Digital ID

Smart Contract က နည်းပညာခေတ်မှာ ပိုပြီး အရေးပါလာပါတယ်။ လူတွေကြားက ယုံကြည်မှုတည်ဆောက်ဖို့ computer code တွေကို အသုံးပြုထားတာမို့ ပိုမိုတိကျ မြန်ဆန်ပြီး စိတ်ချရပါတယ်။


The Oracle Problem

Smart contracts တွေမှာ a significant limitation အခက်အခဲတစ်ခုရှိပါသည်။ ၎င်းတို့သည် real world မှ data တွေကို ထိတွေ့ အသုံးပြု၍မရပါ။ ဤပြဿနာကို Oracle Problem ဟုခေါ်ဆိုကြပါသည်။

Blockchain များသည် deterministic systems (ခွဲခြားသတ်မှတ်ထားသော စနစ်များ) ဖြစ်သောကြောင့်၊ အရာအားလုံးသည် ၎င်းတို့၏ ecosystem အတွင်း ဖြစ်ပျက်နေပါသည်။ Smart contracts များကို ပိုမိုအသုံးဝင်၍ real world data များကို ကိုင်တွယ်နိုင်ရန်၊ ၎င်းတို့ကို external data နှင့် computation များလိုအပ်ပါသည်။

Oracles သည် ဤရည်ရွယ်ချက်ကို ဆောင်ရွက်ပေးပါသည်။ သူတို့သည် blockchains သို့မဟုတ် external computations အား လုပ်ဆောင်သည့် data များကို ပံ့ပိုးပေးသည့် စက်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများဖြစ်သည်။ decentralization ကို ထိန်းသိမ်းရန်၊ single source တစ်ခုတည်းကို အားကိုးမည့်အစား decentralized Oracle network ကို အသုံးပြုရန် လိုအပ်သည်။ ဒီ off-chain data နှင့် on-chain logic ပေါင်းစပ်မှုသည် hybrid smart contracts များဆီသို့ ဦးတည်စေပါသည်။

Chainlink ဆိုတာသည် popular ဖြစ်တဲ့ decentralized Oracle network တစ်ခုဖြစ်ပြီး၊ smart contracts တွေကို external data နှင့် computations များအား သုံးစွဲဖို့ အတွက်ဖြစ်သည်။ Chainlink ဟာ blockchain agnostic ဖြစ်တယ်၊ ဆိုလိုတာက ၎င်းကို (blockchain အမျိုးမျိုးနဲ့ တစ်ပြိုင်နက်တွဲဖက်အသုံးပြုနိုင်စွမ်း) ရှိသဖြင့် မည်သည့် blockchain ဖြင့်မဆို လက်တွေ့အလုပ်လုပ်နိုင် စေပါသည်။

[Chainlink](https://chain.link/)

Layer 2 Scaling Solutions

Blockchain များကြီးထွားလာသည်နှင့်အမျှ scaling issues များ တွေ့ကြုံနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းရန် Layer 2 သို့မဟုတ် L2 solutions များ တီထွင်ထားပါသည်။ L2 solutions တွေဟာ အခြား blockchain များကို ပင်မ blockchain အတွင်းဆက်သွယ်ကာ အခြေခံ blockchain ကို တိုးချဲ့နိုင်စေသည်။ L2 solutions ရဲ့ အဓိကနှစ်မျိုးရှိပါတယ်။

  1. Optimistic Rollups: ဥပမာ - Optimism, Arbitrum

  2. Zero-Knowledge Rollups: ဥပမာ - ZKsync, Polygon ZK EVM

Terminology

Blockchain

In web3, a blockchain is a digital ledger that records transactions across many computers in a secure and decentralized manner. Each block contains a number of transactions, and every new block is linked to the previous one, forming a chain. This makes the data tamper-resistant. Example: Bitcoin's blockchain records all BTC transactions.

Oracle

Oracles in web3 are intermediaries that provide smart contracts with external data. They act as bridges between blockchains and the outside world, allowing smart contracts to execute based on real-world events and data. Example: A weather oracle provides data for a smart contract that triggers crop insurance payments based on rainfall data.

Layer 2

Web3 မှာ Layer 2 solutions ဆိုတာ Blockchain (Layer 1) ပေါ်မှာ တည်ဆောက်ထားတဲ့ နည်းပညာများဖြစ်ပြီး၊ scalability (တိုးချဲ့နိုင်စွမ်း) နှင့် efficiency (ထိရောက်မှု) ကို မြှင့်တင်ပေးနိုင်ပါသည်။ ဒီနည်းလမ်းများက ပင်မ chain အပေါ်တွင် များပြားနေသော transactions (အရောင်းအဝယ်များ) ကို လျှော့ချပေးကာ congestion (ပိတ်ဆို့မှု) နှင့် fees (အခကြေးငွေများ) ကို လျှော့ချပေးပါတယ်။ နောက်ဆုံးအခြေအနေများကို ပင်မ chain (main chain) အပေါ်သို့ ပြန်လည်ဖြေရှင်းပေးနိုင်စေပါသည်။

ဥပမာ: Bitcoin အတွက် Lightning Network

Dapp (Decentralized Application)

Dapp ဆိုတာ decentralized network (အဓိကအားဖြင့် blockchain) ပေါ်မှာ run တဲ့ လည်ပတ်တဲ့ application တစ်ခုဖြစ်ပါတယ်။ Dapp ဟာ smart contracts တွေကို အခြေခံထားပြီး central authority (အာဏာပိုင်အဖွဲ့) မရှိဘဲ လည်ပတ်စေပါတယ်။ Dapps တွေဟာ finance ကနေ gaming ဂိမ်းကစားခြင်းအထိ အမျိုးမျိုးသော ရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်ပါတယ်။

ဥပမာ: Uniswap — Decentralized finance (DeFi) အတွက် အပလီကေးရှင်းတစ်ခု။

Smart Contract

Web3 တွင် smart contract ဆိုတာ သဘောတူညီချက်၏ ရေးဆွဲချက်များကို code အဖြစ် တိုက်ရိုက်ရေးသားထားပြီး၊ အလိုအလျောက် လုပ်ဆောင်သည့် စီမံချက်တစ်ခုဖြစ်ပါတယ်။ Smart contracts တွေဟာ blockchain ပေါ်မှာ လည်ပတ်ပြီး ကြိုတင်သတ်မှတ်ထားတဲ့ အခြေအနေများကို ပြည့်မှီသည့်အခါ intermediaries (ကြားခံပုဂ္ဂိုလ်များ) မလိုအပ်ဘဲ အလိုအလျောက် အကောင်အထည်ဖော်စေပါတယ်။

ဥပမာ: Escrow service အတွက် smart contract တစ်ခု

Hybrid Smart Contract

Hybrid smart contracts ဆိုတာ blockchain ပေါ်မှာ လည်ပတ်နေတဲ့ on-chain code နဲ့ oracles ပေးပို့တဲ့ off-chain data နှင့် တွက်ချက်မှုများကို ပေါင်းစပ်ထားတဲ့ စီမံချက်များဖြစ်ပါတယ်။ ဒီလိုပေါင်းစပ်မှုကြောင့် contracts တွေဟာ သူတို့ native blockchain အပြင်ရှိ data နဲ့ systems တွေနဲ့ အပြန်အလှန်ဆက်သွယ်လို့ရပါတယ်။

ဥပမာ: Oracles မှ ပေးပို့တဲ့ real-world data (ဥပမာ - မိုးလေဝသ data သို့မဟုတ် လေယာဉ်နောက်ကျမှု data) ကို အသုံးပြုပြီး အာမခံလုပ်ငန်းများအတွက် smart contract တစ်ခု။

Ethereum/EVM (Ethereum Virtual Machine)

Ethereum is a blockchain platform known for its smart contract functionality. The Ethereum Virtual Machine (EVM) is its computation engine that executes smart contracts. Ethereum allows developers to build decentralized applications and is the basis for many web3 projects. Example: ERC-20 tokens, a standard for creating fungible tokens on Ethereum.

Web3

Web3 သည် blockchain နှင့် smart contracts များကို ပံ့ပိုးပေးထားသည့် အင်တာနက်၏ paradigm အသစ်ကို ဖော်ပြရန်အတွက် အသုံးပြုသည့် ဝေါဟာရတစ်ခုဖြစ်သည်။ ယခင် Web versions များနှင့်မတူဘဲ၊ Web3 သည် permissionless ဖြစ်ပြီး centralized servers များအစား decentralized networks များကို အားထားသည်။ ၎င်းသည် censorship-resistant ဖြစ်၍ မည်သူမဆို Bitcoin နှင့် Ethereum ကဲ့သို့သော protocols များကို လက်တွေ့အသုံးပြုနိုင်စွမ်းရှိစေပြီး transparency, agreements များနှင့် transactions များကို အခြေခံထားသော ownership economy ဟု မကြာခဏ ခေါ်ဆိုလေ့ရှိသည့် ခေတ်သစ်ကို ဖော်ဆောင်ပေးနိုင်သည်။